Friday, January 31, 2014

အကို ဆရာ Dr လွှမ်းမိုးဟန်၏ post အား ကြိုက်လွန်း၍ တင်ထားပါသည်



ဆရာဝန်တွေ မှားတတ်ကြတဲ့ အမှား ၄ချက်
=======================
မမှားသော ရှေ့နေ၊မသေသော ဆေးသမားဆိုတဲ့ စကားပုံအတိုင်း လူကိုမသေအောင်ကုသနိုင်တဲ့ ဆရာဝန်ဆိုတာမရှိဘူး။
တဖက်ကလည်း အမှားကင်းတဲ့ ဆရာဝန်ဆိုတာလည်း မရှိနိုင်ဘူးပေါ့။သုတေသနတစ်ခုမှာဆိုရင် ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက် ၁၅% ဟာ မှားနေတတ်တယ်လို့ တွေ့ရတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူသေဆုံးရတဲ့ အဓိကနံပါတ်()က နှလုံးရောဂါ၊ နံပါတ်()က ကင်ဆာရောဂါများဖြစ်ပြီး နံပါတ်()ကတော့ ဆေးကုသမှုအမှားတွေကြောင့်ဖြစ်ပါတယ်။ ဆေးကုသမှုအမှားဆိုရာမှာ ဆရာဝန်အမှား တွေသာမက တခြားကျန်းမာရေးဝန်ထမ်းတွေရဲ့ အမှားတွေ၊ ကွန်ပြူတာချိတ်ဆက်မှုအမှားတွေ၊ ဆေးဝါးအမှားတွေကြောင့်လည်း ပါမှာပေါ့။

အလွန်တော်တဲ့ ဆရာဝန်တွေတောင်မှ မှားတတ်ကြပါတယ်။ အမေရိကန်တစ်နိုင်ငံထဲမှာကိုပဲ ဆရာဝန့်အမှားကြောင့် တစ်နှစ်ကို
လူနာ တစ်သိန်းခွဲလောက်သေကြရတာမှာ အဓိကအမှားကတော့ ရောဂါအမည်တပ်မှားယွင်းတာဖြစ်ပါတယ်တဲ့။ အလုပ်ကို ဂရုစိုက်တတ် တဲ့ ဆရာဝန်တွေတောင် မှားတတ်ကြတဲ့ အမှား တွေကို တင်ဆက်ပေးလိုက်ပါတယ်။

() မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်း
ခေါင်းမာပြီး စဉ်းစားဥာဏ်ကို ပိတ်ထားတတ်တဲ့ ဆရာဝန်တွေမှာ ဖြစ်တတ်တယ်။ ရောဂါအမည်တပ်တယ်ဆိုတာ လူနာဆီမှာ ရှိ
တဲ့လက္ခဏာတွေကို မူတည်ပြီးတပ်ကြရတာ အားလုံးသိကြမယ်။ အမှန်တော့ အတွေ့ရနည်းသော်လည်းပဲ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာ
တွေကိုလည်း ရောဂါအမည်တပ်ရာမှာ ထည့်စဉ်းစားဖို့လိုပါလိမ့်မယ်။ မှားလေ့မှားထရှိပြီး မျက်စိမှောက်နေတတ်တဲ့ ရောဂါတွေထဲမှာ အဆုတ်ထဲသွေးခဲနေတာ၊ ဆေးမတည့်တဲ့ပြသနာနဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပါတယ်တဲ့။ အဲသလိုမဖြစ်အောင် ဆရာဝန်ကို လူနာကဟိုရောဂါရောမဖြစ်နိုင်ဘူးလား ဆရာလို့ မေးပေးရပါမယ်တဲ့။ ဒါပေမယ့် သဘောမကောင်းတဲ့ ဆရာဝန်တွေကတော့ ဖြေမယ်မထင်ပါ။

() လူနာများလွန်းခြင်း
ဆရာဝန်တွေ မှားစေတဲ့နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ လူနာများပြားလွန်းခြင်း၊၀န်နဲ့အား မမျှတခြင်းဖြစ်ပါတယ်။
လူနာကို အေးအေးဆေးဆေး အချိန်ပေးပြီး မကြည့်နိုင်တဲ့အခါ အရေးကြီးတဲ့ ရောဂါရာဇ၀င်တွေကို မေးဖို့ကျန်ခဲ့တတ်တာ။ ဒီတော့ ရောဂါအမည်တပ်တော့လဲ မှားသွားနိုင်တာပေါ့။ အထူးကုဆရာဝန်တွေကို အချိန်မရွေး(လွှဲစာမလိုပဲ) ပြသနိုင်တဲ့ မြန်မာပြည်မှာတော့
လူနာကို အချိန်ပေးနိုင်ဖို့ခက်ခဲတဲ့၊ ကျိတ်ကျိတ်တိုးနေတဲ့ ဆရာဝန်ကြီးတွေအစား အချိန်ပေးစကားပြောနိုင်တဲ့ အထူးကုဆရာဝန်ကြီးတွေ နဲ့ပဲ ပြသဖို့ စဉ်းစားသင့်ကြပါတယ်။

() ဆေးစစ်ချက်အဖြေတွေ ပြည့်စုံစွာမရခြင်း
အရေးကြီးတဲ့ ဆေးစစ်မှုအဖြေတွေကို ဆရာဝန်ထံမပြဖြစ်တာဟာလည်း ဆရာဝန်တွေအဖို့ မှားစေနိုင်တဲ့ အကြောင်းတစ်ခုပါပဲ။များသောအားဖြင့် လူနာတွေကိုယ်တိုင်ကိုက သူတို့ဆေးစစ်အဖြေတွေကို နားမလည်ကြပဲ မေ့မေ့လျော့လျော့ နေမိကြလို့ပါ။တခါ တလေ မှာလည်း ဆရာဝန်တွေကိုယ်တိုင်ကိုက လူနာကိုဆေးစစ်ချက် အဖြေတွေကမရှင်းပြဖြစ်တာဖြစ်နိုင်တယ်။ဒီတော့ ဆေးစစ်မှုတွေလုပ်ပြီး တိုင်း ဆရာဝန်ကို အဖြေကောင်းရဲ့လားလို့ မေးနိုင်ဖို့လိုပါတယ်။

() ကုသမှုအစီအစဉ်ကို ပြန်လည်သုံးသပ်မှုမရှိခြင်း
ရောဂါဆိုတာမျိုးက တသမတ်တည်းရှိချင်မှရှိမယ်။ ကိုယ်ရဲ့ ပုံမှန်လူနာဆိုပေမယ့်လည်း တခြားရောဂါအသစ်တစ်ခုခုရဲ့ လက္ခ
ဏာတွေကို လူနာက ပြောချင်ပြောလာနိုင်တယ်။ အဲသလို အချိန်မျိုးမှာ ကိုယ့်ဆီပုံမှန်ပြနေတဲ့ လူနာကို ကူညီပေးနိုင်ဖို့လိုပါတယ်။ သွေး
တိုးရောဂါနဲ့ ပုံမှန်ပြနေတဲ့လူနာ အချိန်မရွေး ဆီးချိုဖြစ်လာနိုင်တယ်၊ ကင်ဆာဖြစ်လာနိုင်တယ်။ အရင်ရောဂါနဲ့ ဆက်စပ်မှုရှိချင်မှရှိမယ်။ လူနာရဲ့ ရောဂါလက္ခဏာကို အမြဲသတိထားစမ်းသပ်နေမှသာ မမှားသင့်တာတွေ မမှားမှာဖြစ်ပါတယ်

Thursday, January 30, 2014

When-------Ving



When clause <=> V-ing phrase
(၁) When နှင့် Subj: ကို ဖြုတ်ပါ။
(၂) Verb ကို V-ing ပြောင်းပါ။
(၃) ကျန်ဝါကျပိုင်းကို နောက်က ဆက်ရေးပါ။
(၄) အခြားဝါကျမှ (Pronoun) နာမ်စားကို မူလဝါကျမှ (Noun) နာမ်ဖြင့် အစားထိုးပြောင်းပါ။
Eg:     When the children heard the bell, they shouted with joy.
          Hearing the bell, the children shouted with joy.

Tuesday, January 28, 2014

Stylitic Transformation ( Not only-------but also)



Not only . . . but also
(၁) ဝါကျနှစ်ပိုင်းတွင် မတူတာနှစ်ခုအနက် တစ်ခုရှေ့မှာ not only ထားပြီး အခြားတစ်ခုရှေ့တွင် but also ထားဆက်ပါ။
(၂) တူသည့် စကားစုနှစ်ခုမှ တစ်ခုကို ဖြုတ်ပါ။
(၃) မတူသော နှစ်ခုကို ဆက်လျှင် but also နောက်က Subj: ၏ အနည်း/အများ ကို ကြည့်ပြီး သင့်လျှော်သည့် Verb နှင့် တွဲဖက်သုံးစွဲပါ။