Monday, February 10, 2014

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်း

လူသားများ အားလုံး အသက်ရာကျော် ရှည်စေရန် အလွယ်တကူသိရှိစေချင်ပါသည်။
သည်းခြေ၌ ကျောက်တည်သော ရောဂါ လက္ခဏာ တစ်ခုမှာ အစာများများ စားပြီးနောက် ဝမ်းဗိုက် ပြည့်အင့် ဖောင်းကား လာကာ အစာမကြေ သလို ခံစားရမည်။ ရောဂါ ပြင်းထန်ပါက အသည်း တစ်ဝိုက်တွင် နာကျင်မှုကို ခံစား ရမည် ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမ ငါးရက်တွင် နေ့စဉ် ပန်းသီး ဖျော်ရည် (Apple Juice) လေးခွက် သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီး ဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက် နိုင်သည်။) ပန်းသီး ဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထိုငါးရက် အတွင်း အစား အစာ ကိုလည်း ပုံမှန် စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက် နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါး တစ်ဇွန်းကို ရေနွေး တစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါး တစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁၀ နာရီတွင် သံလွင်ဆီ (သို့မဟုတ်) နှမ်းဆီ ပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာ ရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက် များကို ချောမွေ့စွာ ထွက်နိုင် စေသည်။ နောက်တစ်နေ့ ဝမ်းသွားသော အခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံး ကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝ ဓာတ်စာ ဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများ ကိုလည်း မဖြစ်ပေါ်စေ နိုင်ကြောင်း သိရသည်။



Credit  : မြ၀တီ

ခေါင်းမူးခြင်းအကြောင်းသိကောင်းစရာ

မူးနောက်နောက် ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်း ဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ကျွန်မတို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ ဆိုတာကို ကြည့်ရအောင်

(၁) သွေးပေါင်ကျခြင်း
ကိုယ်ဟန်အနေအထားကြောင့် သွေးပေါင်ကျခြင်း Postural Hypotension ဟာ ရုတ်တရက် မတ်တတ် ရပ်လိုက်တဲ့အခါ သွေးပေါင်ခဏ ကျသွားခြင်းကြောင့် ဖြစ်တက်ပါတယ်။ ထိုအခါ ဦးနှောက်ဆီ သွေးအရောက် လျော့သွားခြင်းကြောင့် ခေါင်းမူးရခြင်း ဖြစ်ပါတယ်။

ဘာလုပ်နိုင်မလဲမတ်တက်ရပ်လိုက်တိုင်း လိုလို ခေါင်းမူးတက်ပါက သွေးပေါင်ချိန် စစ်ကြည့်သင့်ပါတယ်။ သွေးတိုးရောဂါ ဆေးကုသခံနေရသူ ဆိုရင်လည်း ဆေးပမာဏ ချိန်ဆပေးဖို့ လိုကောင်း လိုနေပါလိမ့်မယ်။

(၂) Meriere's Disease
Meriere ရောဂါဆိုတာ နားအတွင်းခန်း ရောဂါကြောင့် နားလေထွက်ခြင်းနဲ့ မူးဝေခြင်းကို ဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နားအတွင်းခန်းမှာ အရည်တွေ ပိုလျှံလာပါက ချာချာလည်းမူးဝေခြင်းကို ဖြစ်စေတက်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ မူးခြင်း၊ ပျို့အန်ခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ နားအူခြင်းတို့ပဲ ဖြစ်ပါတယ်။ ရောဂါပြင်းထန်မှု ပမာဏနဲ့ အချိန်ကြာမြင့်မှုက လူတစ်ယောက်နဲ့ တစ်ယောက်ပေါ် မူတည်ပြီး ကွာဟတက် ပေမယ့် အရမ်းမူးဝေခြင်းကြောင့် ထိုင်ချလိုက်ရတဲ့အထိ ဖြစ်တက်ပါတယ်။ ဘာလုပ်နိုင်မလဲ နားအတွင်းခန်းမှာ အရည်လျှံခြင်းက ပြဿနာဖြစ်တာကြောင့် အဲသလို မဖြစ်ရအောင် စားတဲ့ အစာထဲ ဆားလျှော့စားဖို့၊ ဆီးဆေးသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလိုနဲ့မှ မရရင် နားထဲက အရည်တွေကို ဆေးရုံမှာ စုပ်ထုတ်လို့လည်း ရပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း
(Migraine) ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ခေါင်းကိုက်ခြင်း တစ်မျိုးဖြစ်သလို တစ်ခါတစ်ရံမှာ ခေါင်းမူးခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ခေါင်းမူးခြင်းဟာ Meriere ရောဂါနဲ့ လက္ခဏာ အများစု ဆင်တူနေတက် ပေမယ့် အကြားအာရုံတော့ လျော့မသွားတက်ပါဘူး။ ကားမူးခြင်း၊ လေယာဉ်မူးခြင်း၊ သဘောင်္မူးခြင်းတို့လို မူးဝေခြင်းမျိုးက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်တွေမှာ ပိုဖြစ်ပေါ်တက်ပါတယ်။ ဘာလုပ်နိုင်မလဲ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရသလို ခေါင်းမူးခြင်းလည်း ဖြစ်ပေါ်တက်ပါက ခေါင်းတစ်ခြမ်းကိုက် ကုဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်ပါ။

(၄) ရောဂါပိုးဝင်ခြင်း
အဖြစ်အများဆုံးကတော့ Vestibular Neuritis လို့ခေါ်တဲ့ ဗိုင်းရစ်ပိုး တစ်မျိုးကြောင့်ပါ။ ရေယုန်ဖြစ်စေတဲ့ ရောဂါပိုးနဲ့ ခပ်ဆင်ခင်တူပါတယ်။ ဒီရောဂါပိုးတွေက ဦးနှောက်ရှိ Vestibular နာ့ဗ်ကြောတွေပေါ် နှောင့်ယှက်လိုက်တဲ့အခါ နားတစ်ဖက် ရောင်လာတက်ကာ သင့်ကို ဟန်ချက်မညီစေတော့ဘဲ ချာချာလည် မူးဝေစေတက်ပါတယ်။

(၅) BPPV (Benign Proxysmal Positional Vertigo)
ဒီရောဂါဟာ နားအတွင်းခန်းရှိ ကယ်လ်စီယမ် ကာဗွန်နိတ်ကျောက်တွေ ပြုတ်ထွက်ကာ ရွေ့လျား နေခြင်းကြောင့် ဖြစ်တက်ပါတယ်။

 ခေါင်းဆောင့်မိတဲ့အခါမျိုးမှာ ဖြစ်တက်ပြီး လှဲလိုက်တဲ့အခါမျိုး၊ ခေါင်းမော့ လိုက်တဲ့ အခါမျိုး ဒါမှမဟုတ် ကုန်းလိုက်တဲ့ အခါမျိုးတွေမှာ မူးဝေတက်ပါတယ်။ဘာလုပ်နိုင်မလဲနား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေ အနေနဲ့ ကုသပေးနိုင်တာကြောင့် ဆေးရုံသွားပြသင့်ပါတယ်။

Credit  :  မြ၀တီ

ဝမ်းလျှော/၀မ်းပျက် အကြောင်း သိကောင်းစရာ

ဝမ်းလျှောတယ် ဆိုတာ ယေဘုယျ အားဖြင့် ပျော့ပျောင်းတဲ့ အရည်ကြည် ဝမ်းတွေ သွားနေပြီး မကြာခဏ ဝမ်းသွားနေတဲ့ အခြေအနေကို ခေါ်ပါတယ်။

ဝမ်းလျှော တာက အများအားဖြင့် နှစ်ရက် လောက်ပဲ ကြာပေမယ့် ကြာရှည် ဝမ်းသွားတဲ့ အခြေအနေ ဆိုရင် နှစ်ရက်ကျော် ကြာတဲ့အထိ ဝမ်းသွား တတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ရေဓာတ် ခမ်းခြောက်မှု ဖြစ်တတ် ပါတယ်။ ဝမ်းပျက် ဝမ်းလျှော တာက ဘက်တီးရီးယားပိုး ဝင်တာ၊ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ အစာနဲ့ မတည့်တာ၊ ကပ်ပါးပိုးတွေ ဝင်တာ၊ ဆေးနဲ့ မတည့်တာနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါ တွေကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ဗိုက်အောင့်တာ၊ လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ အိမ်သာကို အလောတကြီး သွားချင်စိတ် ပေါ်တာ စတာတွေ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဝမ်းပျက်ပါစေ၊ ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိနားလည်ထားဖို့ လိုပါတယ်။

ရေနှင့် ဓာတ်ဆားသောက်ပါ - ဝမ်းပျက်ဝမ်းလျှောတာကို ကုသဖို့ အကောင်းဆုံးနည်းက ရေနဲ့ အရည်များများ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဝမ်းလျှောတာကြောင့် ခန္ဓာကိုယ်က အရည်ဆုံးရှုံးမှု များတဲ့အတွက် ရေများများ ပြန်သောက်ပေးသင့်တာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ရေနဲ့အတူ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပါ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓာတ်ဆားထုပ်ကို သတ်မှတ်ထားတဲ့ အချိုးအဆအတိုင်း ရေနဲ့ဖျော်ပြီး သောက်ပေး ရမှာ ဖြစ်ပါတယ်။ ရေသောက် ရာမှာ ရေသန့် ကို သောက်ပေးရမှာ ဖြစ်ပြီး ရေမသန့်ဘူး ထင်ရင် ကျိုချက်ပြီး သောက်ပါ။

နို့နှင့် နို့ထွက်ပစ္စည်းများ ရှောင်ပါ -ဝမ်းလျှော နေချိန်မှာ နို့ကို ချေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်း (lactase) ထောက်ပံ့မှု လျော့ကျ သွားတာကြောင့် နို့နဲ့ နို့ထွက် ပစ္စည်းတွေ ကို ရှောင်သင့် ပါတယ်။ နို့ကို ကောင်းကောင်း မချေဖျက် နိုင်တာကြောင့် ပိုပြီး ဝမ်းလျှောတာနဲ့ လေထတာတို့ ဖြစ်နိုင်ခြေ များပါတယ်။

ဆီကြော်စာ၊ ဟင်းခတ် အမွှေးအကြိုင် ကဲသော အစားအသောက် တို့ကို ရှောင်ပါ- ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ အဆီအအိမ့်များတဲ့ အစာ၊ ဆီကြော်စာ၊ အမျှင်ဓာတ် များတဲ့ အစာနဲ့ ဟင်းခတ် အမွှေးအကြိုင်ကဲတဲ့ အစားအသောက် တို့ကို ရှောင်သင့် ပါတယ်။

သတ္တုဓာတ် ပါဝင်သော အစားအသောက်များ စားပါ - တချို့ သတ္တုဓာတ်နဲ့ အာဟာရ ဓာတ်တို့ ပါတဲ့ အစားအသောက် တွေကို စားပေးရင် အူလမ်းကြောင်း တစ်လျှောက် အစာဖြတ်သန်းမှု နှေးစေပြီး ဝမ်းပျက် ဝမ်းလျှော ဖြစ်တာကို သက်သာ စေပါတယ်။ ဥပမာ- ဆန်ပြုတ် ပျော့ပျော့၊ ငှက်ပျောသီး၊ ပေါင်မုန့်နဲ့ စွပ်ပြုတ်စတဲ့ အစာတွေကို စားပေးသင့်ပါတယ်။

အဆီ နည်းသော ဒိန်ချဉ် အသင့်အတင့် သောက်ပါ - ဝမ်းလျှောချိန်မှာ ဒိန်ချဉ် သောက်ရင် အစာခြေ အူလမ်းကြောင်း တစ်လျှောက်မှာ အစာကြေညက်စေတဲ့ အကျိုးပြု ဘက်တီးရီးယား တွေ ရရှိစေတာကြောင့် ဝမ်းပျက် ဝမ်းလျှောတာကို သက်သာ စေပါတယ်။

ချင်းလက်ဖက်ရည် သောက်ပါ -ချင်းလက်ဖက်ရည် သောက်တာက ဗိုက်အောင့်တာနဲ့ လေပွ တာကို သက်သာ စေပါတယ်။ မုန်လာဥနီ ဖျော်ရည်နဲ့ တလည်း သီး ဖျော်ရည် သောက်တာ ကြောင့်လည်း ဝမ်းအရည် သွားတာကို သက်သာစေပါတယ်။

ကဖင်းနှင့် အယ်လ်ကိုဟော ရှောင်ပါ - ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် အပြင် အရက်ကိုလည်း ရှောင်သင့် ပါတယ်။ ဆန်ပြုတ် ပူပူ သောက်ပါ ဆန်လုံး ညိုကို ရေနဲ့ ၄၅ မိနစ်ခန့်ပြုတ်ပြီး သောက်တာက ဝမ်းပျက် ဝမ်းလျှော ရောဂါကို သက်သာ အောင် ကုသ ပေးနိုင်ပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင် ဘီ အုပ်စု ပါဝင်ပါတယ်။

ဗီတာမင်စီ ပါသော အစားအသောက်ကို ရှောင်ပါ - ဝမ်းလျှောနေချိန်မှာ ဗီတာမင်စီ ပါတဲ့ အစား အသောက်ကို အလွန်အမင်း စားတာကြောင့် ဝမ်းပျက်ဝမ်းလျှောကို ပိုဆိုး စေနိုင်ပါတယ်။

ပျားရည် သောက်ပါ - ပျားရည် ထမင်းစားဇွန်း လေးဇွန်းနဲ့ ရေတစ်ခွက် ရောသောက်ပေးရင် ဝမ်းပျက် ဝမ်းလျှောတာ သက်သာ သွားပါတယ်။



Credit  : မြ၀တီ

Tuesday, February 4, 2014

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

 ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။ ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။ ယနေ့ အချိန်ခါမှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီး တွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။ Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြား အတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေ နိုင်ပါတယ်။ နှစ်ပေါင်း များစွာ ထိတောင် ရှိနေ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတု ပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့ တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန် အဆိပ်ပြင်းတဲ့ ဓာတု ပစ္စည်း N-nitrosanimes တွေ ဖြစ်ပေါ်ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက မှတ်ချက် ပေးထား ပါတယ်။ Good Health

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ

 မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။ (၁) ရေများများသောက်ပေးပါ ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။ (၂) ကဖင်းဓာတ်ကို သတိထားပါ တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။ (၃) နံနက်စာကို ပုံမှန်စားပါ နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။ (၄) အာဟာရပြည့်ဝအောင်စားပါ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။ (၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့် ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။ (၆) အိပ်ရေးဝဝအိပ်ပါ တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။ (၇) အိပ်ဆေးမသောက်ပါနှင့် အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

Friday, January 31, 2014

အကို ဆရာ Dr လွှမ်းမိုးဟန်၏ post အား ကြိုက်လွန်း၍ တင်ထားပါသည်



ဆရာဝန်တွေ မှားတတ်ကြတဲ့ အမှား ၄ချက်
=======================
မမှားသော ရှေ့နေ၊မသေသော ဆေးသမားဆိုတဲ့ စကားပုံအတိုင်း လူကိုမသေအောင်ကုသနိုင်တဲ့ ဆရာဝန်ဆိုတာမရှိဘူး။
တဖက်ကလည်း အမှားကင်းတဲ့ ဆရာဝန်ဆိုတာလည်း မရှိနိုင်ဘူးပေါ့။သုတေသနတစ်ခုမှာဆိုရင် ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက် ၁၅% ဟာ မှားနေတတ်တယ်လို့ တွေ့ရတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူသေဆုံးရတဲ့ အဓိကနံပါတ်()က နှလုံးရောဂါ၊ နံပါတ်()က ကင်ဆာရောဂါများဖြစ်ပြီး နံပါတ်()ကတော့ ဆေးကုသမှုအမှားတွေကြောင့်ဖြစ်ပါတယ်။ ဆေးကုသမှုအမှားဆိုရာမှာ ဆရာဝန်အမှား တွေသာမက တခြားကျန်းမာရေးဝန်ထမ်းတွေရဲ့ အမှားတွေ၊ ကွန်ပြူတာချိတ်ဆက်မှုအမှားတွေ၊ ဆေးဝါးအမှားတွေကြောင့်လည်း ပါမှာပေါ့။

အလွန်တော်တဲ့ ဆရာဝန်တွေတောင်မှ မှားတတ်ကြပါတယ်။ အမေရိကန်တစ်နိုင်ငံထဲမှာကိုပဲ ဆရာဝန့်အမှားကြောင့် တစ်နှစ်ကို
လူနာ တစ်သိန်းခွဲလောက်သေကြရတာမှာ အဓိကအမှားကတော့ ရောဂါအမည်တပ်မှားယွင်းတာဖြစ်ပါတယ်တဲ့။ အလုပ်ကို ဂရုစိုက်တတ် တဲ့ ဆရာဝန်တွေတောင် မှားတတ်ကြတဲ့ အမှား တွေကို တင်ဆက်ပေးလိုက်ပါတယ်။

() မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်း
ခေါင်းမာပြီး စဉ်းစားဥာဏ်ကို ပိတ်ထားတတ်တဲ့ ဆရာဝန်တွေမှာ ဖြစ်တတ်တယ်။ ရောဂါအမည်တပ်တယ်ဆိုတာ လူနာဆီမှာ ရှိ
တဲ့လက္ခဏာတွေကို မူတည်ပြီးတပ်ကြရတာ အားလုံးသိကြမယ်။ အမှန်တော့ အတွေ့ရနည်းသော်လည်းပဲ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာ
တွေကိုလည်း ရောဂါအမည်တပ်ရာမှာ ထည့်စဉ်းစားဖို့လိုပါလိမ့်မယ်။ မှားလေ့မှားထရှိပြီး မျက်စိမှောက်နေတတ်တဲ့ ရောဂါတွေထဲမှာ အဆုတ်ထဲသွေးခဲနေတာ၊ ဆေးမတည့်တဲ့ပြသနာနဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပါတယ်တဲ့။ အဲသလိုမဖြစ်အောင် ဆရာဝန်ကို လူနာကဟိုရောဂါရောမဖြစ်နိုင်ဘူးလား ဆရာလို့ မေးပေးရပါမယ်တဲ့။ ဒါပေမယ့် သဘောမကောင်းတဲ့ ဆရာဝန်တွေကတော့ ဖြေမယ်မထင်ပါ။

() လူနာများလွန်းခြင်း
ဆရာဝန်တွေ မှားစေတဲ့နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ လူနာများပြားလွန်းခြင်း၊၀န်နဲ့အား မမျှတခြင်းဖြစ်ပါတယ်။
လူနာကို အေးအေးဆေးဆေး အချိန်ပေးပြီး မကြည့်နိုင်တဲ့အခါ အရေးကြီးတဲ့ ရောဂါရာဇ၀င်တွေကို မေးဖို့ကျန်ခဲ့တတ်တာ။ ဒီတော့ ရောဂါအမည်တပ်တော့လဲ မှားသွားနိုင်တာပေါ့။ အထူးကုဆရာဝန်တွေကို အချိန်မရွေး(လွှဲစာမလိုပဲ) ပြသနိုင်တဲ့ မြန်မာပြည်မှာတော့
လူနာကို အချိန်ပေးနိုင်ဖို့ခက်ခဲတဲ့၊ ကျိတ်ကျိတ်တိုးနေတဲ့ ဆရာဝန်ကြီးတွေအစား အချိန်ပေးစကားပြောနိုင်တဲ့ အထူးကုဆရာဝန်ကြီးတွေ နဲ့ပဲ ပြသဖို့ စဉ်းစားသင့်ကြပါတယ်။

() ဆေးစစ်ချက်အဖြေတွေ ပြည့်စုံစွာမရခြင်း
အရေးကြီးတဲ့ ဆေးစစ်မှုအဖြေတွေကို ဆရာဝန်ထံမပြဖြစ်တာဟာလည်း ဆရာဝန်တွေအဖို့ မှားစေနိုင်တဲ့ အကြောင်းတစ်ခုပါပဲ။များသောအားဖြင့် လူနာတွေကိုယ်တိုင်ကိုက သူတို့ဆေးစစ်အဖြေတွေကို နားမလည်ကြပဲ မေ့မေ့လျော့လျော့ နေမိကြလို့ပါ။တခါ တလေ မှာလည်း ဆရာဝန်တွေကိုယ်တိုင်ကိုက လူနာကိုဆေးစစ်ချက် အဖြေတွေကမရှင်းပြဖြစ်တာဖြစ်နိုင်တယ်။ဒီတော့ ဆေးစစ်မှုတွေလုပ်ပြီး တိုင်း ဆရာဝန်ကို အဖြေကောင်းရဲ့လားလို့ မေးနိုင်ဖို့လိုပါတယ်။

() ကုသမှုအစီအစဉ်ကို ပြန်လည်သုံးသပ်မှုမရှိခြင်း
ရောဂါဆိုတာမျိုးက တသမတ်တည်းရှိချင်မှရှိမယ်။ ကိုယ်ရဲ့ ပုံမှန်လူနာဆိုပေမယ့်လည်း တခြားရောဂါအသစ်တစ်ခုခုရဲ့ လက္ခ
ဏာတွေကို လူနာက ပြောချင်ပြောလာနိုင်တယ်။ အဲသလို အချိန်မျိုးမှာ ကိုယ့်ဆီပုံမှန်ပြနေတဲ့ လူနာကို ကူညီပေးနိုင်ဖို့လိုပါတယ်။ သွေး
တိုးရောဂါနဲ့ ပုံမှန်ပြနေတဲ့လူနာ အချိန်မရွေး ဆီးချိုဖြစ်လာနိုင်တယ်၊ ကင်ဆာဖြစ်လာနိုင်တယ်။ အရင်ရောဂါနဲ့ ဆက်စပ်မှုရှိချင်မှရှိမယ်။ လူနာရဲ့ ရောဂါလက္ခဏာကို အမြဲသတိထားစမ်းသပ်နေမှသာ မမှားသင့်တာတွေ မမှားမှာဖြစ်ပါတယ်

Thursday, January 30, 2014

When-------Ving



When clause <=> V-ing phrase
(၁) When နှင့် Subj: ကို ဖြုတ်ပါ။
(၂) Verb ကို V-ing ပြောင်းပါ။
(၃) ကျန်ဝါကျပိုင်းကို နောက်က ဆက်ရေးပါ။
(၄) အခြားဝါကျမှ (Pronoun) နာမ်စားကို မူလဝါကျမှ (Noun) နာမ်ဖြင့် အစားထိုးပြောင်းပါ။
Eg:     When the children heard the bell, they shouted with joy.
          Hearing the bell, the children shouted with joy.